ကိုရီးယားဘာသာစကားတွင် ကြိယာကို အမျိုးအစား ၂မျိုးခွဲခြား၍ သုံးစွဲလေ့ရှိပြီး
ယင်းတို့မှာ ဂုဏ်ရည်ပြကြိယာ (Descriptive Verb) ဥပမာ “ပူသည်၊ အေးသည်၊ ကြီးသည်၊ ငယ်သည်၊ များသည်၊
နည်းသည်၊ ခက်သည်၊ လွယ်သည်” တို့ကို ဆိုလိုခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ လှုပ်ရှားမှုပြကြိယာ
(Action
Verb) ဥပမာ “စားသည်၊ ကစားသည်၊
အလုပ်လုပ်သည်၊ စာဖတ်သည်” စသည်တို့ကို ဆိုလိုခြင်း ဖြစ်ကြောင်းကို ဦးစွာတင်ပြလိုပါသည်။
သဒ္ဒါပိုင်းတွင် ယင်းကြိယာ အမျိုးအစားကိုလိုက်၍ သုံးနှုန်းရ သော
သဒ္ဒါများ မတူညီပုံများကို ရှင်းလင်းရာတွင် Action Verb၊ Descriptive Verb ဟုသာ သုံးနှုန်းပြီး
ဆက်လက် ရှင်းပြသွားမည် ဖြစ်သဖြင့် ဦးစွာ တင်ပြရခြင်းဖြစ်ပါတယ်။
ထို့ပြင် ၀ါကျ တစ်ကြောင်း၏ ကြိယာတစ်ခု၊ နာမ်တစ်ခုသည်
အသတ်ပါသည်၊ မပါသည်ကိုလိုက်၍ သုံးရသော Proposation သည်လည်း မတူညီပါ။
စားသည် (먹다မော့သာ)နှင့် သွားသည်
(가다ဂါသာ) ဟူသော ကြိယာ၂ခုဖြင့်
ဥပမာပြ ပြောဆိုပါမည်။ ယင်းကြိယာ နှစ်ခုတွင် "먹다မော့သာ" ကို အသတ်ပါသော ကြိယာဟု သုံးနှုန်းပြောဆိုမည်ဖြစ်ပြီး "가다ဂါသာ" ကို အသတ်မပါသောကြိယာဟု
သုံးနှုန်း ပြောဆိုမည်ဖြစ်သည်။ အသတ်ပါသည်၊မပါသည်မှာ ယင်းကြိယာအောက်တွင် Consonant ပါခြင်း၊ မပါခြင်းကို
ဆိုလိုခြင်းဖြစ်သည်။ "먹다မော့သာ" စကားလုံးတွင် မော အောက်ရှိ ㄱ ကို consonant ဟု ဆိုခြင်းဖြစ်သည်။
ဆက်လက်ရှင်းပြရာတွင် အသတ်ပါသောကြိယာနှင့် အသတ်မပါသောကြိယာဟု ပြောဆိုသုံးနှုန်း ရှင်းပြ သွားမည် ဖြစ်သဖြင့် ကြိုတင်ရှင်းလင်းရခြင်းဖြစ်သည်။ မြန်မာ ဘာသာစကားသည် ယင်းသို့သော အသုံးမျိုး မရှိပဲ
ရိုးရှင်းစွာ တန်းသုံးနိုင်သော စကားမျိုးဖြစ်ပြီး ကိုရီးယားဘာသာစကားသည် နာမ်ဖြစ်စေ၊
ကြိယာဖြစ်စေ ယင်းတို့၏ အဆုံးသတ် စကားလုံးကိုလိုက်၍ သုံးရသော Propostion မှာလည်း မတူညီကြပါ။
ဥပမာပြောရလျှင် စာအုပ် ဟူသောနာမ်ကို ကတ္တားနောက်ဆက် (သည်၊က၊မှာ)နှင့်တွဲသုံးပါက စာအုပ်က၊
စာအုပ်သည်၊ စာအုပ်မှာ အစရှိသဖြင့် ကတ္တနောက်ဆက်ကို ကပ်၍ သုံးလိုက်ရုံနှင့်ဖြစ်သော် လည်း
ကိုရီးယားဘာသာစကားသည် ယင်းသို့ မဟုတ်ပဲ စာအုပ်ဟူသော နာမ်သည် အသတ် (Consonant)နှင့်ဆုံးသည်၊ မဆုံးသည်ကိုလိုက်ပြီး
သုံးရသည် Propostion မှာလည်းမတူညီပါ။
(ဥပမာ စာအုပ်ကို ကိုရီးယားလို 책ဟု ခေါ်ပြီး 책이 ဟု သုံးရမည်ဖြစ်သည်။)
ယင်းသည် အသတ်ပါသောကြောင့် 이(အီ) ဟူသော ကတ္တား နောက်ဆက် သုံးရခြင်းဖြစ်ပြီး အသတ်မပါသော နာမ်တစ်ခု "의자" ကိုမူ
가(ဂါ)ဟူသော ကတ္တားနောက်ဆက်ကို
သုံးရသည်။ (ဥပမာ ကုလားထိုင်က၊ ကုလားထိုင်သည်၊ "ကုလားထိုင် 의자" ဟူသော နာမ်နှင့် ကတ္တားနောက်ဆက် "가" နှင့်အတူ တွဲပြီး "의자가 (အွီဂျာဂါ)" ဟု ဂါ
(가)ဟူသော ကတ္တားနောက်ဆက်ကို
သုံးရသည်။)
ထို့ကြောင့် ကိုရီးယားဘာသာစကားတွင် နာမ်၊ကြိယာသည် အသတ်နှင့်ဆုံးသည်၊ အသတ်မပါသည်ကိုလိုက်၍ သုံးရသော ကတ္တားနောက်ဆက်၊ ကံနောက်ဆက် အစရှိသော Propostion သုံးမှု မတူညီကြပုံများမှာ
မြန်မာနှင့်မတူသော အသုံးအနှုန်းများဖြစ်ကြောင်းကို ကိုရီးယားဘာသာလေ့လာရာတွင် အထောက်အကူဖြစ်စေရန်
ဦးစွာ တင်ပြလိုက်ပါသည်။
No comments:
Post a Comment