ကိုရီးယားလူမျိုးများသည် ထမင်းစားရာတွင် ဟင်းကိုသာ အသားပေးစားလေ့ရှိပြီး ထမင်းကို အနည်းငယ်သာ စားလေ့ရှိပါသည်။ ဟင်းများသည်လည်း မြန်မာထမင်းဝိုင်းကဲ့သို့ အားလုံး အတူ ပေါင်းစားနိုင်သော အစားအသောက်များ ရှိသကဲ့သို့ တစ်ဦးချင်းဆီ မိမိပန်းကန်နှင့် မိမိ စားရသည်များလည်း ရှိပါသည်။ တစ်ဦးချင်းစီ မိမိပန်းကန်နှင့် မိမိစားသည်က များသည်။
감자탕, 안동찜닭 တို့သည် အပေါင်းအသင်းများနှင့် အတူ စားသောက်ရသော အနည်းဆုံး ၂ယောက်စာ မှာယူစားသောက်ရသော အစားအစာများဖြစ်ပါသည်။
 |
ဂမ်းဂျာထန်း 감자탕 |
 |
အန်းဒုန်းကျင်းမ်းဒက်
안동찜닭 |
|
|
|
|
 |
ဂုန်းဂီဗာ့(ဗ်) 공기밥 |
|
ဂုန်းဂီဗာ့(ဗ်)သည် ရိုးရိုး ထမင်းဖြူကို ခေါ်သော အခေါ်အဝေါ်ဖြစ်ပါသည်။ ထမင်းကို "밥 ဗာ့(ဗ်)" ဟု ခေါ်သော်လည်း "ထမင်းဖြူ ပေးပါ" ဟု တောင်းသောအခါ "밥 주세요. ဗာ့(ဗ်) ဂျူဆေယို" ဟု ပြောသကဲ့သို့ "공기밥 주세요. ဂုန်းဂီဗာ့(ဗ်) ဂျူဆေယို" ဟုလည်း ပြောလေ့ရှိသည်ကို သိထားရန် လိုအပ်ပါသည်။
အရံဟင်းများကိုလည်း အတူတကွစားသုံးနိုင်ပါသည်။ အရံဟင်းဆိုသည်မှာ မြန်မာထမင်းဝိုင်းတွင် ငါးပိရည်နှင့် တို့စရာပါသကဲ့သို့ ကိုရီးယားအရံဟင်းမှာ အဓိကအားဖြင့် ဂင်(မ်)ချီဖြစ်ပြီး အခြား အရံဟင်းများသည် မိမိ မှာယူသုံးဆောင်သော အစားအစာကို လိုက်ပြီး အရံဟင်းများ မတူညီကြပါ။ အရံဟင်း တစ်မျိုးစီသည် အနည်းငယ်စီသာ ပါပြီး လိုအပ်ပါက ထပ်မံ တောင်းယူ စားသောက်နိုင်ပါသည်။ အရံဟင်းများကို အောက်တွင် ပုံများနှင့်တကွ တင်ပြလိုက်ပါသည်။
 |
ကိုရီးယားအရံဟင်းများ |
 |
ကိုရီးယားအရံဟင်းများ |
ဆက်လက်
၍ တစ်ဦးချင်း သီးသန့် စားသုံးသော အစားအစာများ (ဂင်မ်ချီကျီဂယ်၊ ဒွင်း(န်)ဂျန်းကျီဂယ်၊ စွန်းဒူဗူကျီဂယ်)ကို စားသုံးရာတွင် မြန်မာလူမျိုးတို့ စားသုံးသကဲ့သို့ ကြွေပန်းကန်ထဲ ထည့်ကာ စားခြင်းမျိုးမဟုတ်ပဲ မြေအိုးကဲ့သို့သော အိုးများနှင့်သာ တိုက်ရိုက်စားကြလေသည်။ ယင်းအိုးဖြင့် မီးဖိုပေါ်တစ်ခါတည်း တင်၍ ချက်ပြုတ်ပြီး စားသုံးရာတွင်လည်း ယင်းအိုးဖြင့်သာ စားသုံးကြသည်မှာ မြန်မာလူမျိုးတို့နှင့် မတူညီပုံကို လေ့လာမှတ်သားနိုင်ပါသည်။
 |
စွန်းဒူဗူကျီဂယ် 순두부찌개 |
찌개 (ကျီဂယ်)သည် အရေသောက်နိုင်သော ဟင်းများဖြစ်ပြီး ယင်းတို့ကို တစ်ဦးချင်း သုံးဆောင်ပါက မြေအိုး၊ ဒန်အိုးကဲ့သို့သော အိုးများဖြင့် စားလေ့ရှိကြသည်။ မြန်မာမျက်စေ့ဖြင့် ကြည့်ပါက အလွန်မသင်တော်ဟု ဆိုနိုင်သောလည်း ကိုရီးယားလူမျိုးတို့၏ ယဉ်ကျေးမှုဟု ဆိုရမလိုပင်ဖြစ်သည်။ အချို့ဆိုင်များသို့ သွားရောက်စားသောက်ပါက ယင်းဒန်အိုးများသည် ပိန်လိမ် ရှုံ့တွနေပြီး ပေကျံနေတာ အလွန်တရာမှ စားချင်စဖွယ် ဖြစ်မနေသည်များလည်း တွေ့ရသည်။ သို့သော် ထိုနိုင်ငံ လူမျိုး၏
ဓလေ့တစ်ခု ဖြစ်ကာ ရွံ့စရာဟု မှတ်ယူနေလို့ မရပါ။ မိမိတို့ မြန်မာလူမျိုးများအနေဖြင့် ဒယ်အိုး၊ ဒန်အိုးတို့ဖြင့် တိုက်ရိုက် မစားကောင်းကြောင်း ငယ်စဉ်က လူကြီးသူမများ ဆုံးမလေ့ရှိသည်ကို ပြန်လည် အမှတ်ရမိနေသည်။
 |
ကိုရီးယားအစားအစာ ဂင်(မ်)ချီကျီဂယ် |
No comments:
Post a Comment