Thursday, September 26, 2013

အစိမ်းရောင် နံပါတ် ၂လိုင်း

ဆိုးလ်မြို့ကို ပတ်ပြီး ပြေးနေတဲ့ ရထားလိုင်းပေါင်း များစွာ ရှိသည့်အနက် နံပါတ်၂လိုင်း (2호선) လို့ ပြောတဲ့ အစိမ်းရောင်လိုင်းဟာ အနည်းငယ် ထူးခြားတယ်လို့ ဆိုရပါမယ်။ ဒီလိုင်းဟာ ဆိုးလ်မြို့ကို ပတ်ပြီး ပြေးဆွဲနေသကဲ့သို့ ဆိုးလ်မြို့ပေါ်မှာ ရှိတဲ့ တက္ကသိုလ် တော်တော်များကိုလည်း ရောက်တဲ့ လိုင်းဖြစ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်းပဲ မြို့ကို ပတ်ထားသလို ယင်းလိုင်းပေါ်မှာ ရှိတဲ့ ဘူတာရုံမှတ်တိုင်များဟာလည်း တက္ကသိုလ်များ၏ အမည်များဖြစ်ပြီး ယင်းတက္ကသိုလ်များကိုလည်း ဘူတာရုံမှ ထွက်လိုက်ရုံဖြင့် ရောက်ပါတယ်။
အစိမ်းလိုင်းပေါ်မှာ ရှိမနေတဲ့ တက္ကသိုလ်တစ်ခုတော့ ရှိပါတယ်။ အဲဒီတက္ကသိုလ်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ SKYလို လူပြောများတဲ့ နာမည်ကြီး ကျောင်းများထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့ Korea University ပဲဖြစ်ပါတယ်။ ယင်းတက္ကသိုလ်ကတော့ တခြားလိုင်းကို ပြောင်းစီးပြီး သွားမှ ရောက်ပါတယ်။ SKY ရဲ့ အဓိပ္ပါယ်ကတော့ (S=Seoul National Universtiy ကို ဆိုလိုတာဖြစ်ပြီး K=Korea University, Y=Yonsei University)ကို ပြောတာ ဖြစ်ပါတယ်။ ယင်း ကျောင်း ၃ကျောင်းဟာ တက္ကသိုလ် ၀င်ခွင့်ရဖို့ ခက်သလို ဘွဲရဖို့လည်း တော်တော် မလွယ်တဲ့ ကျောင်းတွေလို့ ဆိုကြပါတယ်။ အဲဒါကြောင် မိုးကောင်ကင်ကြီးလို့ တင်စားပြီး SKY လို့ ခေါ်ကြပါတယ်။ နောက်တစ်ခုက အဲဒီ တက္ကသိုလ်တွေကနေ ကျောင်းပြီးခဲ့မယ်ဆိုရင် အပြင်လုပ်ငန်းခွင် ၀င်တဲ့အခါမှာလည်း ဦးစားပေးခံရပါတယ်။ အလုပ်ရှင်တွေက နှစ်သက်သဘောကျတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။ ၀င်ခွင့်ရဖို့ ခက်သလို ယင်းကျောင်းများ၏ ကျောင်းလခများဟာလည်း အံမခန်းပါပဲ။ ဆိုးလ်အမျိုးသားတက္ကသိုလ်ကတော့ အစိုးရကျောင်းဖြစ်တဲ့အတွက် ကျောင်းလခ အနည်းငယ်သက်သာပေမယ့် ၀င်လိုသူတွေ များတဲ့အတွက် ယှဉ်ပြိုင်ရ ခက်ပါတယ်။ တခြား နာမည်ကြီး ကျောင်း၂ကျောင်းဟာလည်း ကျောင်းလခတွေက တခြားကျောင်းတွေထက် ဈေးကြီးသလို ဘွဲ့ရဖို့အတွက် requirement တွေကလည်း အလွန်များပါတယ်။ အဲလို အရာတွေနဲ့ ကျောင်းတစ်ကျောင်းရဲ့ တန်ဖိုးကို တိုင်းတာတယ်လို့ ပြောလို့ရပါလိမ့်မယ်။(ဒီအပိုင်းကတော့ ဗဟုသုတအဖြစ် တင်ပြရခြင်းဖြစ်ပါသည်။)

နံပါတ် ၂လိုင်း ပြေးဆွဲသည့် လမ်းကြောင်းကို ပုံနှင့်တကွ ကြည့်မည်ဆိုပါက ..... အနီကွက်များဖြင့် ပြထားသည်များမှာ တက္ကသိုလ်သို့သွားသည့် ဘူတာအမည်များဖြစ်သည်။

ရထားပေါ်တွင်လည်း လိုင်းပြောင်းစီးနိုင်သည့် ဘူတာများကို ကြည့်နိုင်ပါသည်။ လိုင်းပြောင်းစီးနိုင်သည့် ဘူတာနှင့် ပြောင်းစီးလို့ မရသည့် ဘူတာအမည်များတွင် အမှတ်အသားဖြင့် ပြသထားပြီး ယင်းအမှတ်အသားဖြင့် ခွဲခြားနိုင်သည်။ လိုင်းနံပါတ် ၂(အစိမ်းရောင်လိုင်း)ကို ကြည့်မည်ဆိုပါစို့။  ပုံတွင် ပြထားသည့်အတိုင်း အပြာရောင်ဖြင့် ပြထားသော အမှတ်အသားများသည် တခြားလိုင်းကို ပြောင်းစီးနိုင်သည့် ဘူတာများဖြစ်ပြီး၊ အနီရောင် အမှတ်အသားဖြင့် ပြထားသော ဘူတာသည် လိုင်းပြောင်းခြင်းမရှိပဲ၊ ပုံမှန် ရထား ရပ်သည့် ဘူတာအမည်ကို ပြသထားခြင်းဖြစ်သည်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...