Thursday, September 26, 2013

ကိုရီးယားနိုင်ငံ၏ မြေအောက်ရထားလိုင်းနံပါတ်များနှင့် ပြေးဆွဲသည့် လမ်းကြောင်းများ

တောင်ကိုရီးယားနိုင်ငံသည် ဧရိယာအကျယ်အ၀န်းအားဖြင့် မြန်မာနိုင်ငံ၏ ၅ပုံ ၁ပုံသာ ကျယ်ဝန်းသော သေးငယ်သည့် နိုင်ငံလေးတစ်ခု ဖြစ်ပါသည်။ အကျယ်အ၀န်းကို အတိအကျ ပြောရမည်ဆိုလျှင် 99720Km2ရှိပြီး၊ လူဦးရေ 48,955,203  ယောက်ခန့် ရှိပါသည်။ နိုင်ငံ၏ လူဦးရေမှာ မြန်မာနှင့် သိပ်မကွာလှပဲ အထူးသဖြင့် မြို့တော်ဖြစ်သည့် ဆိုးလ်သည် လူဦးရေ အလွန်ထူထပ်ပြီး အခြားမြို့များထက် အလွန်စည်ကားသော မြို့ကြီးဖြစ်ပါသည်။ မြေအောက်ရထားလိုင်းများ၊ ကားလမ်းများဖြင့် အလွန်စည်းကားသကဲ့သို့ အလွန် ရှုပ်ထွေသော မြို့ကြီးလည်ဖြစ်သည်။
  မြေအောက်ရထားများနှင့် ကားများသည် မြို့တွင်း၊ မြို့ပြင် သွားလာရာတွင် အလွန် လွယ်ကူပြီး လမ်းများ ပိတ်ဆို့ခြင်းမှလည်း လျော့ပါးစေသည့် အကောင်းဆုံးသော အများပြည်သူသုံး ပို့ဆောင်ရေး လုပ်ငန်းများဖြစ်ကြသည်။ ကားများ၊ မြေအောက်ရထားများသည် သတ်မှတ်ချိန်များအတိုင်း ပုံမှန် သွားလာ မောင်နှင်နေကြသဖြင့် ခရီးသွားပြည်သူများ အချိန်ကုန်သက်သာခြင်း၊ ခရီးသွားရာတွင် လွယ်ကူ မြန်ဆန်ခြင်း၊ သတ်မှတ်ချိန်အတိုင်း လိုရာ ခရီးရောက်ခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရပါသည်။ နယ်ဘက်ရှိ တခြားမြို့များသို့ သွားလိုပါက မြို့ထဲရှိ အဝေးပြေးကားဂိတ်သို့ သွားကာ အဝေးပြေးကားများကို စီးရပြီး၊ ရထားဖြင့် သွားလိုပါက KTX(အမြန်ရထား) စီးပြီး သွားလာနိုင်ပါသည်။
 ယခု တင်ပြသော ရထားလမ်းများမှာ မြေအောက်ရထားလမ်းများဖြစ်ပြီး လိုင်းနံပါတ်အလိုက် ဖြတ်သွားသော နေရာများ၊ ဘူတာများလည်း မတူပါ။ မိမိသွားလိုသည့် ဘူတာအမည်ကို မြေပုံတွင် ရှာကာ ရထားပြောင်းစီးရမည် ဆိုက ပြောင်းစီးခြင်း စသည်ဖြင့် သွားလာရသည်။ ရထားပြောင်းစီးနိုင်သည့် ဘူတာအမည်များတွင်  ပုံပါ အမှတ်အသားများကို တွေ့ရမည်ဖြစ်သည်။


 ယခု လောလောဆယ် ပြေးဆွဲနေသော မြေအောက်ရထားလိုင်းများဖြစ်ပြီး ဖောက်လုပ်နေဆဲ ရထားလမ်းများလည်း ရှိပါသည်။

ဆိုးလ်မြို့တခွင် ပြေးဆွဲနေသော မြေအောက်ရထားလိုင်းများ

ပြေးဆွဲနေသော လမ်းကြောင်းများကို အသေးစိတ် ကြည့်လိုပါက 


မိမိသွားလိုသည့် ဘူတာသည် လိုင်းပြောင်းစီးရမည်ဆိုက တခြားလိုင်းနှင့် ဆုံသည့်ဘူတာတွင် ပြောင်းရမည်။ ထို့အခါ မည်သည့်လိုင်းကို ပြောင်းစီးနိုင်ကြောင်းကို ရထားမှလည်း ကြော်ငြာပေးလေ့ရှိပြီး ရထားထွက်ပေါက် အပေါ်ဘက်ရှိ မိမိစီးနေသည့် ရထားလိုင်းပြေးဆွဲသည့် လမ်းတလျှောက်ကို ပြသထားပြီး ပြောင်းစီးနိုင်ကြောင်း၊(သို့) ဘယ်ဘူတာ ရောက်ပြီဖြစ်ကြောင်းကို မီးလေးလင်းပြလေ့ရှိပါသည်။(တချို့ရထားများတွင် မီးလင်းပြခြင်း မရှိသည်များလည်းရှိပါသည်။)


အောက်က ရထားလိုင်းကတော့ နံပါတ် ၁လိုင်းဖြစ်ပြီး ခရမ်းပြာလိုင်းလို့လည်း ပြောကြပါတယ်။ (1호선) 
ဒီလိုင်းမှာဆိုရင် အမြန်ရထားလည်းရှိသလို၊ ပုံမှန်ရထားလည်း ရှိပါတယ်။ အမြန်ရထားကတော့ ဆိုးလ်မှာ ရှိတဲ့ Electronic ပစ္စည်များ ရောင်းသည့် ယုန်းဆန်း (용산 디지터상가) ကနေ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိသော အင်းချောန်ထိ သွားပြီး ပုံမှန်လိုင်းကတော့ အင်းချောန်းမှ ဆိုယိုဆန်းထိ သွားတဲ့ ရထားဖြစ်ပါတယ်။ အမြန်ရထားနဲ့ ပုံမှန်ရထားဟု ဆိုရာတွင်လည်း ဘူတာရုံမှာ အကြာကြီးရပ်၊ ဖြေးဖြေးသွားသည့် ရထားမျိုးမဟုတ်ပဲ အမြန်နှုန်းကတော့ ပုံမှန်ဖြစ်ပြီး ဘူတာတိုင်း ရပ်ခြင်း၊ မရပ်ခြင်းသာ ကွာသွားပါတယ်။ အမြန်ရထားကတော့ ဘူတာတိုင်းမရပ်ပါဘူး။ ပုံမှန်ရထားကတော့ ဘူတာတိုင်းရပ်ပါတယ်။  


ရထားစီးရာတွင်လည်း အနည်းငယ် သတိရသည်မှာ ပုံမှာ ပြထားသည့် နံပါတ် ၁လိုင်းမှာပဲ အောက်ဘက်မှာ လမ်း၂ခု ခွဲသွားသည်ကို ပုံမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ ချောန်အန်းနဲ့ ရှင်းဂျန်းဘက်ကို သွားတဲ့ လမ်းနဲ့ အင်းချောန်ကို သွားတဲ့ လမ်းဆိုပြီး ကွဲသွားပါတယ်။ အဲဒါကြောင့် ရထားစီးတဲ့အခါမှာ မိမိ သွားလိုသည့် ဘူတာအမည်ကို မြေပုံတွင် ရှာပြီးမှ ဘယ်ဘက်ကို သွားမည့် ရထားကို စီးရမည်ကို ကြည့်ပြီးမှ စီးသင့်ကြောင်း ဖော်ပြအပ်ပါသည်။ လမ်းခွဲရောက်တဲ့အခါမှာ ရထားမှလည်း ပြောင်းစီးနိုင်ကြောင်း ပြောပါတယ်။ ဘူတာရုံမှတ်တိုင်မှာလည်း လိုင်းပြောင်းစီးနိုင်ကြောင်းကို ပြထားတက်ပါတယ်။ 




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...