Tuesday, October 29, 2013

နှုတ်ဆက်ရာတွင် သတိပြုရမည့်အချက်များ

ကိုရီးယားလူမျိုးများသည် တစ်ဦးနှင့် တစ်ဦးတွေ့ဆုံရာတွင် အမြဲနှုတ်ဆက်လေ့ရှိသည်မှာ အလွန် ချစ်စဖွယ်ကောင်းသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ နှုတ်ဆက်သည့်စကားသည်လည်း အခြား ဘာသာစကားများကဲ့သို့ နှုတ်ဆက်သည့်အချိန်ကိုလိုက်ကာ ပြောင်းလဲခြင်းမျိုးမဟုတ်ပဲ တစ်မျိုးတည်းကို
သာ သုံးသဖြင့် လေ့လာသူများအဖို့ အလွယ်တကူ ပြောဆိုနိုင်ကာ အလွယ်တကူ မှတ်သားထားနိုင်သည်။ နှုတ်မှ "အန်းညွန်းဟာဆေယို" ဟု နှုတ်ဆက်ကာ ကိုယ်အမူအရာဖြင့်လည်း ယဉ်ကျေးမှုကို ဖော်ပြလေ့ရှိသည်မှာ အလွန် ချစ်စဖွယ်ကောင်းသော ဓလေ့ဖြစ်သည်။ ဦးခေါင်းငုံ့ကာ ခါးကို အနည်းငယ်ကွေးညွှတ်ပြီး နှုတ်မှလည်း "အန်းညွန်းဟာဆေယို" ဟု နှုတ်ဆက်လေ့ရှိသည်။ ခါးကွေးသည့်အနေအထားမှာလည်း နေရာဒေသ၊ အချိန်အခါကို လိုက်ပြီး မတူညီသည်ကို ဗဟုသုတအဖြစ်တင်ပြလိုက်သည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...