Thursday, March 29, 2012

ကိုရီးယားစာအကြောင်းတစေ့တစောင်း


 ကိုရီးယားဘာသာစကားသည် အခြေခံဗျည်း ၁၄လုံး၊ ဆင့်ပွားဗျည်း ၅လုံးပွားသဖြင့် စုစုပေါင်း ဗျည်း ၁၉လုံး၊ အခြေခံသရ ၁၀လုံးရှိပြီး ဆင့်ပွားသရ ၁၁လုံး စုစုပေါင်း ၂၁လုံးဖြင့် ဖွဲ့စည်းထားသော ဘာသာ စကားဖြစ်သည်။


ကိုရီးယားဘသာစကားသည် မြန်မာဘာသာစကားကဲ့သို့ပင် ဗျည်းချည်းသက်သက် မရပ်တည်နိုင်သော ဘာသာစကားမျိုးဖြစ်ပြီး သရနှင့်ပါင်းစပ်မှသာ အသံထွက်နိုင်သော၊ အဓိပ္ပါယ်ပြည့်စုံသော ၀ါကျများ တည်ဆောက်နိုင်သော ဘာသာစကားမျိုးဖြစ်သည်။

အစ ဗျည်းဖြစ်သော “” ကို သရ ၂၁လုံးနှင့် ပေါင်းစပ်ပါက ထွက်ဆိုပုံကို ဥပမာအဖြစ် တင်ပြလိုက်ရ ပါသည်။

(ဂါ)           (ဂေါ)      (ဂို)        (ဂူ)          (ဂု)         (ဂီ)       (ဂဲ)         (ဂယ်)  (ဂွယ်)       (ဂွီ)         (ဂယာ)   (ဂယော)   (ဂယို)      (ဂယူ)    (ဂယဲ)    (ဂယယ်)  (ဂွါ)           (ဂေါ်)     (ဂွိ)         (ဂွဲ)         (ဂွယ်)

  ဥပမာ။         ။ “က” ဟု အသံထွက်ရသော  ဆင့်ပွားဗျည်းဖြစ်သော “ (က)”  ကို ယင်းချည်း သပ်သပ် အသံထွက်နိုင်ခြင်း၊ အဓိပါယ်ဖော်ဆောင်ခြင်းမရှိပဲ သရဖြစ်သော “(အာ)” ဟူသော သရနှင့် ပေါင်းစပ် မှသာလျှင် “(ကာ)” ဟု အသံထွက်နိုင်သော၊ အဓိပ္ပါယ်ရှိသော စကားတစ်ခုဖြစ်လာသည်ကို ဆိုလိုခြင်းဖြစ်သည်။

 ကိုရီးယားဘာသာစကား ၀ါကျတည်ဆောက်ပုံမှာ ကတ္တား +ကံ + ကြိယာ (S O V) ပုံစံဖြစ်ပြီး မြန်မာနှင့်ဆင်တူသဖြင့်သင်ယူပြောဆိုရန်လွယ်ကူသောဘာသာစကားတစ်ခုဟုဆိုနိုင်ပါသည်။  မြန်မာဘာသာစကားသည် "ဦး၊ဒေါ်၊ကို၊မောင်၊ မ"  အစရှိသဖြင့် ခေါ်ဝေါ်သုံးစွဲသော်လည်း ကိုရီးယားဘာသာစကားသည် “….(ရှီ)” ဟူသော စကားကိုသာ သုံးစွဲလေ့ရှိပြီး အခြားသော ခေါ်ဝေါ်မှုများမှာ မြန်မာနှင့် မတူပဲ အနည်းငယ် ကွဲပြားမှုများရှိသည်ကို တွေ့နိုင်ပါသည်။ မြန်မာဘာသာစကားတွင် ယင်း "ဦး၊ဒေါ်၊ ကို၊ မောင်၊ မ" တို့ကို အမည်နာမ၏ ရှေ့တွင် ထားပြီးခေါ်ဝေါ်သော်လည်း ကိုရီးယားဘာသာစကားသည် “….(ရှီ)” ကို အမည်နာမ၏ နောက်တွင် ထားပြီး ခေါ်ဝေါ်သုံးစွဲသော ဘာသာစကားနှစ်ခု၏ မတူညီပုံကို တွေ့ရပါသည်။

တဖန် မြန်မာဘာသာစကားကဲ့သို့ ယဉ်ကျေးစွာ ပြောဆိုသုံးနှုန်းပုံမှာလည်း ဆင်တူသည်ကို တွေ့ရပါသည်။ လူကြီးသူမများနှင့် တွေ့ဆုံသောအခါ ခေါင်းကို အနည်းငယ်ငုံ့ကာ၊ ခါးကို ကွေးညွှတ်ပြီး “안녕하세요အန်းညော(င်)ဟာဆေယို” မင်္ဂလာပါ” ဟု နှုတ်ဆက်လေ့ရှိသော အလေ့အထမှာ ချစ်စဖွယ်ဓလေ့ တစ်ခုဖြစ်ပါသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် တွေ့သည်ဖြစ်စေ တွေ့တိုင်း ခေါင်းလေး ဆက်ကာ နှုတ်ဆက်လေ့ရှိပုံမှာ ကိုရီးယားလူမျိုးများ၏ ချစ်စဖွယ် ဓလေ့တစ်ခုဖြစ်ပါသည်။ ထမင်းစား ချိန်ဖြစ်ပါက “식사하셨어요? ရှိဆာဟာရှော့ဆောယို” ဟု နှုတ်ဆက်မေးမြန်းပုံမှာ မြန်မာတို့နှင့် ဆင် တူသော အလေ့တစ်ခုဟု ဆိုနိုင်ပါသည်။

 ထို့ပြင် ၀ါကျတည်ဆောက်ပုံမှာမြန်မာနှင့် ဆင်တူသော်လည်း သဒ္ဒါပိုင်းတွင် အနည်ငယ် ကွဲပြားမှု ရှိပုံကို လည်း တင်ပြလိုပါသည်။ မြန်မာဘာသာစကားတွင် မေးခွန်းဖြစ်ပါက .....သလား နှင့် သလဲ ကို သုံးပြီး မေးသကဲ့သို့ ကိုရီးယားဘာသာစကား၏ Formaly ပြောဆိုသော စကားတွင် ㅂ니까?/ 습니까? ဟု ပြောသော်လည်း နေ့စဉ်ပြောဆိုသုံးစွဲနေသော “…(ယို)” ကို သုံးသော အပြောစကားများတွင် ယင်းကဲ့သို့ သိသိသာသာ ကွဲပြားခြားနားခြင်းမရှိပဲ လေယူလေသိမ်း၊ အသံ အနိမ့်အမြင့်ဖြင့်သာ ခွဲခြား သိနိုင်သဖြင့် အသံထွက်မှာ အလွန် အရေးကြီးလှပါသည်။ 

  ဥပမာ။         ။ 갑니까?               ဂါမနီကာ?                သွားလား။
                     , 갑니다.         နဲ၊ ဂါမနီဒါ။                ဟုတ်ကဲ့၊ သွားပါတယ်။
                    가요?                    ဂါယို?                     သွားလား။
                    , 가요.             နဲ၊ ဂါယို။                  ဟုတ်ကဲ့၊ သွားပါတယ်။

  ယင်းဝါကျတွင် “갑니까? ဂါမနီကာ??” ဟု သုံးပြီး မေးပါက အမေးဝါကျဖြစ်သည်ကို လွယ်ကူစွာ သိနိုင်သော်လည်း “가요? ဂါယို?” ဟု “….ယို” ကိုသာ သုံးစွဲမေးသောအခါ အမေးဝါကျကို အသံ အနည်းငယ် မြှင့်မေးရပြီး၊ အဖြေဖြစ်ပါက အသံကို နှိမ့်ဖြေရသဖြင့် အမေးဝါကျဖြစ်သည်၊ အဖြေ ၀ါကျဖြစ်သည်ကို အသံအနိမ့်အမြင့်ဖြင့် အမေ၊အဖြေကို ခွဲခြားရဖြင့် အသံထွက်မှာ လွန်စွာ အရေးကြီးကြောင်း ထင်ရှားပါသည်။ ဆက်လက် ယဉ်ကျေးသော သုံးနှုန်းပုံများနှင့် ဆက်လျဉ်း ပြောရမည်ဆိုလျှင် -

ဥပမာ။           ။ 식사하셨습니까? ရှိဆာဟာရှော့စွန်(မ်)နီကာ?      ထမင်းစားပြီးပြီလား။
                     , 먹었습니다. နဲ, မော်ဂေါ့စွန်မနီဒါ။               ဟုတ်ကဲ့၊ ထမင်းစားပြီးပါပြီ။

ယင်းဝါကျတွင် အပေါ်စာကြာင်းသည် အမေးဝါကျဖြစ်ပြီး အောက်ဝါကျသည် အဖြေ၀ါကျဖြစ်သည်ကို ခန့်မှန်းနိုင်ပါသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ယဉ်ကျေးသော ပြောဆိုသုံးစွဲမှု ဓလေ့အရ အမေးဝါကျတွင် ယဉ်ကျေးသော ဝေါဟာရအသုံးကို သုံးပြီး မေးရသော်လည်း မိမိကပြန်လည် ဖြေဆိုသောအခါ မိမိအကြောင်းကို မိမိက ဖြေဆိုရသဖြင့် မိမိကိုယ့်ကိုနှိမ့်ချပြီး တခြား ဝေါဟာရဖြင့် ပြန်လည်ဖြေကြားရသည်ကို တွေ့ရပါသည်။ ယင်းမှာ ဝေါဟာရ သဘောတရားအရ ယဉ်ကျေးသော အသုံးကို ခွဲခြား ဖြေဆိုနည်းဖြစ်ပြီး အခြား ယဉ်ကျေးသော အသုံးဖြင့် ဖြေဆိုသော နည်းလမ်းမှာ သဒ္ဒါသဘောတရားအရ ပြန်လည် မြှင့်တင်ပြောဆိုသော အသုံးပင်ဖြစ်ပါသည်။ “V + ရှီ” ဆိုသော စကားလုံးသည် ကြိယာ၏ နောက်တွင် ကပ်သုံးရပြီး ယဉ်ကျေးသော အသုံး အဖြစ် ပြောင်းလဲပေးသော စကားလုံးပင်ဖြစ်သည်။

ဥပမာ။         ။ 가십니까          ဂါရှီ(မ်)နီကာ?           သွားပါသလား။
                   , 가요.              နဲ၊ ဂါယို။                  ဟုတ်ကဲ့၊ သွားပါတယ်။

  ယင်း ၀ါကျတွင် “갑니까? ဂါမနီကာ” ဟု မေး ရသော်လည်း တဖက်လူအား လေးစားသော အားဖြင့် ယဉ်ယဉ်ကျေးကျေး မေးသောအခါတွင် “ … ရှီ” ကို ထည့်မေးလေ့ရှိပြီး မိမိက ပြန်လည်ဖြေသော အခါတွင် ယင်း “…ရှီ” ကို ဖြုတ် ဖြေရကြောင်းကို သိရှိထားရန်လည်း လိုအပ်ပါသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...