Sunday, October 20, 2013

ကိုရီးယားနိုင်ငံအမည်


ကိုရီးယားနိုင်ငံအမည်ကို ကိုရီးယားသမ္မတနိုင်ငံတော် [(Republic of Korea) 대한민국] လို့ ခေါ်သလို [Korea, 한국] လို့လည်း ခေါ်ကြပါတယ်။ ကိုရီးယားသမ္မတနိုင်ငံတော်လို့ နိုင်ငံအမည်မသတ်မှတ်ခင်ကတော့ [ဂျိုဆောန်, 조선] လို့ ခေါ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံလို့ ခေါ်သလို မြန်မာလို့လည်း ခေါ်ကြသလိုပါပဲ။ ဒါပေမယ့် မတူတဲ့အချက်တစ်ချက်ကတော့ ကိုရီးယားလူမျိုးများဟာ မိမိတို့နိုင်ငံကို စကားပြောတဲ့အခါမှာလည်း ကိုရီးယားသမ္မတနိုင်ငံတော်လို့ ပြောလေ့ရှိကြပါတယ်။ ကိုရီးယားလို့ ပြောတာထက် ကိုရီးယားသမ္မတနိုင်ငံတော်လို့ ပြောရင်ပိုမိ ကြီးကျယ်ခန်းနားသလို ၀င့်ကြွားစွာ ပြောလေ့ရှိကြပါတယ်။ အားကစားပွဲတွေ၊ ကျောင်းပွဲတော်တွေမှာလည်း ကိုရီးယား (한국)လို့ အော်ပြီး အားပေးသည်ထက် ကိုရီးယားသမ္မတနိုင်ငံတော်(대한민국)လို့ အော်ပြီး အားပေးတဲ့အသံ ကို ကြားရမှာဖြစ်ပါတယ်။ မြန်မာကတော့ အားကစားပွဲတွေ၊ ကျောင်းကစားပွဲတွေမှာ မြန်မာ(미얀마)လို့ပဲ အားပေးလေ့ရှိပြီး ကိုရီးယားကတော့ ကိုရီးယားသမ္မတနိုင်ငံတော် (대한민국)လို့ အားပေးကြပါတယ်။ ဒါဟာလည်း ဘာသာစကားအနေအထေားကြောင့်လည်း ပါမယ်ထင်ပါတယ်။ မြန်မာစကားက စာကြောင်းရှည်တော့ အားပေးတဲ့အခါမှာ မချောမွေ့လို့လည်း ဖြစ်ပါလိ့မ်မယ်။

 ဒီနေရာမှာ ကိုရီးယားနိုင်ငံအကြောင်း အနည်းငယ် တင်ပြလိုပါတယ်။ ကိုရီးယားနိုင်ငံဟာ ခရစ်တော်မပေါ်မီ လွန်ခဲ့သော နှစ်ပေါင်း ၂၃၃၃ခုနှစ်တည်းက ရှိခဲ့တဲ့ နိုင်ငံတစ်ခုပါ။ [고조선, ဂျိုဆော(န်)ခေတ်ဟောင်း]မှ စပြီး [고구려,ဂိုဂုလျော]၊ [백제, ဘဲ့ကျယ်]၊[신라, ရှီလာ] ဆိုပြီး အမည်အမျိုးမျိုးဖြင့် ကွဲပြားနေသည့်ခေတ်မှ ကွဲနေသည့် နိုင်ငံ၃ခုကို ပေါင်းစည်းလိုက်ပြီး [통일신라,Unified Silla ရှီလာပေါင်းစည်းခြင်း]၊ ထို့နောက်[고려,ဂိုလျော]၊နောက်ဆုံး [조선,ဂျိုဆောန်] ဆိုပြီး အမည်အမျိုးမျိုးတွင်ခဲ့ပါတယ်။ ၁၉၁၀ခုနှစ် ဂျပန်ဝင်လာတဲ့အချိန်မှာ ကွဲနေတဲ့ နိုင်ငံတွေကို အတင်းအကြပ် ပေါင်းစည်းပစ်ခဲ့ပါတယ်။ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေးရချိန်၁၉၄၈ခုနှစ်မှာ တောင်ပိုင်းကိုရီးယားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ Democratic Republic နိုင်ငံတည်ထောင်ခဲ့ပါတယ်။ ၁၉၅၀ခုနှစ် ၆လပိုင်း ၂၅ရက်နေ့မှာ မြောက်ကိုရီးယားက စစ်ပွဲဆင်နွှဲပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ကွဲသွားခဲ့ပြီး ယခုထိ စစ်အေးကာလအဖြစ် ဆက်လက် ရှိနေခဲ့ပါတယ်။ လူမျိုးကတော့ တစ်မျိုးတည်းဖြစ်ပြီး သုံးစွဲတဲ့ ဘာသာစကားဟာလည်း ကိုရီးယားဘာသာစကားတစ်မျိုးပဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ နှစ်ပိုင်းကွဲနေတဲ့ တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။


 ဒယ်ဟန်းမင်းဂု(သို့) ဟန်းဂုလို့ခေါ်တဲ့ ကိုရီးယားနိုင်ငံဟာ နိုင်ငံအမည်ကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလို့ ခွဲခြားခေါ်ထားတဲ့အမည်မဟုတ်ပါဘူး။ လူမျိုးတစ်ခုတည်းအဖြစ် ကိုရီးယားလို့ပဲ ခေါ်ထားခြင်းဖြစ်ပါတယ်။ တောင်ကိုရီးယားဘက်က ကိုရီးယားလူမျိုးများကို နမ်းဟန်းဆာရမ်း[남한사람]၊ မြောက်ကိုရီးယားဘက်က ကိုရီးယားလူမျိုးများကို [북한사람, ဘု(ခ်)ခန်းဆာရမ်း] ဆိုပြီး ခွဲခြား ခေါ်ရပါလိမ့်မယ်။ နိုင်ငံအမည်ကိုလည်း ခွဲခြားပြောတဲ့အခါ တောင်ကိုရီးယားဆိုရင် နမ်းဟန်း[남한]၊ မြောက်ကိုရီးယားဆိုရင် ဘု(ခ်)ခန်း[북한] ဆိုပြီး ပြောကြပါတယ်။ [남]ဆိုတာ တောင်ဘက်ဆိုတဲ့အဓိပ္ပါယ်ရှိပြီး  [북] ကတော့ မြောက်ဘက်ဆိုတဲ့ အဓိပ္ပါယ်၊ [한]ကတော့ [한국, ဟန်းဂု] ကိုရီးယားနိုင်ငံကို ခေါ်ခြင်းဖြစ်ပါတယ်။ ထို့အတူ နိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်း၊ နိုင်ငံတော်မှ ပြဌာန်းထားသော ဥပဒေများဟာလည်း ကိုရီးယားကျွန်းဆွယ်တစ်ခုလုံး အကျုံးဝင်တယ်လို့ ဆိုကြပါတယ်။ တောင်နဲ့ မြောက် ခွဲခြားထားခြင်းမရှိပဲ နိုင်ငံတစ်ခုတည်းလို့ တောင်ကိုရီးယားနိုင်ငံသားများက ယူဆကြောင်းလည်း ကြားဖူးပါတယ်။ အမှန်တကယ်ပဲ ကိုရီးယားနိုင်ငံရဲ့ နယ်နိမိတ်အကျယ်အ၀န်းပြောပါဆိုရင် ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးရဲ့ အကျယ်အ၀န်းကိုသာ ပြောလေ့ရှိပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...