ကိုရီးယားဘာသာစကားသာမဟုတ် မည်သည့်ဘာသာစကားမဆို အသံသည် အလွန် အရေးကြီးပြီး လေယူလေသိမ်း၊ အသံအနိမ့်အမြင်သည် ဘာသာစကားတစ်ခု၊ လူတစ်ယောက်၏ စိတ်အနေအထားကို သိရှိနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ ထို့အတူ ကိုရီးယားဘာသာစကားသည် လည်း အသံထွက်သည် အလွန် အရေးကြီးပြီး မိမိမှ မှန်ကန်သော အသံအနေအထားကို သိထားပါမှ၊ နားထောင်ဖူး၊ ကြားဖူးပါမှ သူတပါးပြောသောစကားကို နားလည်မှာဖြစ်သလို မိမိမှလည်း မှန်ကန်သော သံအနေအထားဖြင့် ပြောတက်မည်ဖြစ်သည်။ ထို့ကြောင့် အသံထွက် မှန်ကန် တိကျစေရန် စတင် သင်ယူချိန်မှစပြီး အထူးသတိပြု လေ့လာကျက်မှတ်ရန် လိုအပ်ပါသည်။
ယခုတဖန် ရှေ့ရှိ အသတ်ဗျည်းနှင့် နောက်တွင်လိုက်လာသော ဗျည်းတွေ့သည့်အခါတွင် အသံအပြောင်း အလဲဖြစ်သော အသံအချို့ကို ဆက်လက်တင်ပြပါမည်။
မူရင်း ဝေါဟာရ အသံပြောင်းလဲပုံ မြန်မာလိုအသံထွက်
1. 백화점 [배콰점] ဘယ်ခွာဂျော(မ်)
2. 집이 [지비] ဂျီဘီ
3. 아들이 [아드리] အာဒုရီ
4. 시작하다 [시자카다] ရှီဂျာခါဒါ[ဿာ]
5. 시장이 [시장이] ရှီဂျန်းငီး
6. 집들이 [집뜨리] ဂျီ(ဗ်)သုရီ
7. 극장 [극짱] ဂုကျန်း(င်)
8. 약국 [약꾹] ယာ့(ဂ်)ကု
9. 각자 [각짜] ဂါ့(ဂ်)ကြာ
10. 깨끗하다 [깨끄타다] ကယ်ကွတ်ထာဒါ[ဿာ]
အထက်ပါ ၀ါကျများကို ကြည့်ပါက အသံများ မည်သို့ပြောင်းလဲသွားသည်ကို သိနိုင်သည်။ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း[ㅎ] နှင့်တွေ့ပါက ယင်းအသံသည် အခြားအသံများ[Ex- 4, 10]] သို့ပြောင်းပုံ၊ [ㅇ]ရှိပါက ယင်းသည် မူရင်းအသံမရှိသဖြင့် ယင်းရှေ့ရှိဝေါဟာရ၏အောက်ရှိ အသတ်သံများသာ[Ex- 2, 3,5,6]အသံထွက်ရပုံ၊ ရှေ့ဝေါဟာရ၏အသတ်သည်[ㄱ,ㅂ] ဖြစ်ပါက ယင်းနောက်ရှိ ဝေါဟာရသည် သံပြင်းထွက်ရပုံ[뜨, 짱, 꾹, 짜]များကို (အမှတ်အသားအနီများဖြင့် ပြသထား) မှတ်သားထားရမည်။ နံပါတ် [2, 3, 5, 6]ရှိ [이]များသည် subject maker ဟု အလွယ်ပြောလေ့ရှိသော ကတ္တားနောက်ဆက်များ [이/가] ဖြစ်သည်။ ယင်းတို့သည်လည်း ရှေ့ဝေါဟာရအောက်ရှိ အသတ်သံ[ㅂ,ㄹ, ㅇ, ㄹ]အတိုင်း ပြောင်းလဲထွက်ရသည်။
***အသံထွက်များသည် ကိုရီးယားစာလုံးပေါင်းကို ဖတ်ပြီးထွက်ကြည့်ပါမှ အသံမှန် မည်ဖြစ်သည်။ မြန်မာလိုအသံထွက်များမှာ ကိုးကားနိုင်ရန်အတွက် အနီးစပ်ဆုံးဖော်ပြ ထားခြင်းသာဖြစ်သည်။

No comments:
Post a Comment