Thursday, November 7, 2013

ကိုရီးယားနိုင်ငံ၏ အကောင်းဆုံးကျောင်းများ

ကိုရီးယားနိုင်ငံဟာ တက္ကသိုလ်အလွန်များသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ ယခင်က ပုဂ္ဂလိက ကျောင်းဆိုတာ မရှိသလောက် ရှားခဲ့လို့ တက္ကသိုလ်ဆိုရင် အစိုးရကျောင်းကိုပဲ ပြေးမြင်တက်ကြပါတယ်။ အခုတော့ ဘက်ပေါင်းစုံကနေ ပြောင်းလဲအောင် လုပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ကိုယ်ပိုင်ကျောင်းထောင်ခွင့်တွေ ရှိလာပြီး ကိုယ်ပိုင်ကျောင်းတွေလည်း များလာပြီဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံကတော့ အစိုးရကျောင်းအနည်းငယ်သာရှိပြီး ပုဂ္ဂလိက ကျောင်းတွေက ပိုများပါတယ်။ သိသလောက်ဆိုရင် ကျောင်းပေါင်း ရာကျော်အောင်ကို ရှိပါတယ်။ နောက်တစ်ခုက ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များဟာ တက္ကသိုလ်တစ်ခုရဲ့ အောက်မှ ဘာသာရပ်ပေါင်းစုံ တစ်စုတစ်စည်းတည်းရှိနေတာပါပဲ။ မြန်မာနိုင်ငံမှာလို နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်ဆိုပြီး အမျိုးမျိုး ကွဲပြားနေတာမျိုးမဟုတ်ပဲ တက္ကသိုလ်တစ်ခုမှာ ဘာသာရပ်များအားလုံး ဖွင့်လှစ်ထားရှိခြင်းပဲဖြစ်ပါတယ်။ နောက်တစ်ခုက တက္ကသိုလ် တစ်ခုရဲ့ ဆေးကျောင်းက ကျောင်းသူ၊ သားများ ကျောင်းပြီးလို့ လက်တွေ့ ၀င်ရန်လည်း အခြားကျောင်းများရှိ ဆေးရုံများ၊ ပုဂ္ဂလိက ဆေးရုံများတွင် သွားရောက် လက်တွေ့ကွင်းဆင်းရခြင်းမျိုး မဟုတ်ပဲ မိမိပြီးခဲ့သည့် တက္ကသိုလ်တွင် လက်တွေ့ဆင်းနိုင်ရန် တက္ကသိုလ်တိုင်းမှာ တက္ကသိုလ်ပိုင် ဆေးရုံများလည်း တွဲလျက်ထားရှိပါတယ်။ တက္ကသိုလ်ပိုင်ဆေးရုံတွေမှာပဲ မိမိ တက္ကသိုလ်က ကျောင်းသား၊သူများ အခန့်သင့် လက်တွေ့ ဆင်းရုံပါပဲ။
ကိုရီးယားတက္ကသိုလ်ဆေးရုံ (고려대학교 병원)

ဆိုးလ်တက္ကသိုလ်ဆေးရုံ (서울대학교 병원)

ဆေးဘရန်းဆုဆေးရုံ (세브란스병원) (ယွန်ဆေးတက္ကသိုလ်ပိုင်ဆေးရုံဖြစ်ပါတယ်။)

  တက္ကသိုလ်တွေကတော့ အများအားဖြင့် လေးနှစ်တက်ရတဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တက္ကသိုလ်များ၏ အဆင့်များကို တင်ပြပါမည်။ ဂျွန်းအန်းသတင်းမှ တက္ကသိုလ်များ၏ အဆင့်ကို ခွဲခြားသတ်မှတ်သည့်အချက်များကတော့ အဓိကအားဖြင့် တက္ကသိုလ်၏ ပညာရေးအခြေ အနေ ၊ ငွေကြေးအနေအထား၊ ဆရာ၊ဆရာများ၏ သုတေသန လုပ်ဆောင်မှု အနေအထား၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှု အခြေအနေ၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသည့် တက္ကသိုလ်၏ ကဏ္ဍ၊ ဘွဲ့ရကျောင်းသားများ အလုပ်အကိုင်ရရှိမှု စသည့် အချက်များဖြင့် တက္ကသိုလ်တစ်ခု၏ အဆင့်ကို သတ်မှတ်သည်ဟု ဆိုထားပါတယ်။ ထိုသတ်မှတ်ချက်များအရ အဆင့်အလိုက် တက္ကသိုလ်များ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

1위 한국과학기술원 (KAIST)
      [KOREA ADVANCED INSTITUTE OF SCIENCE AND TECHNOLOGY]
2위 포스텍(POSTECH)
      [POHANG UNIVERSITY OF SCIENCE AND TECHNOLOGY]
3위 연세대(ယွန်ဆေးတက္ကသိုလ်)
4위 서울대 (ဆိုးလ်အမျိုးသားတက္ကသိုလ်)
5위 성균관대 (ဆော(င်)ဂယွန်းဂွမ်းတက္ကသိုလ်)
6위 고려대 (ဂိုရယောတက္ကသိုလ်) ကိုရီးယားတက္ကသိုလ်
7위 서강대 (ဆောဂန်းတက္ကသိုလ်)
8위 경희대 (ဂယော(င်)ဟီးတက္ကသိုလ်)
9위 한양대 (ဟန်းယန်းတက္ကသိုလ်)
10위 중앙대 (ဂျွန်းငန်းတက္ကသိုလ်)
11위 이화여대 (အီဟွာအမျိုးသမီးတက္ကသိုလ်)
12위 인하대 (အင်း(န်)ဟာတက္ကသိုလ်)
13위 동국대 (ဒုန်းဂုတက္ကသိုလ်)
14위 서울시립대 (ဆိုးလ်မြို့တော်ပိုင်တက္ကသိုလ်)
15위 한국외대 (ကိုရီးယားနိုင်ငံခြားဘာသာတက္ကသိုလ်)
16위 아주대 (အာဂျူတက္ကသိုလ်)
17위 건국대 (ဂေါ(န်)ဂုတက္ကသိုလ်)
18위 경북대 (ဂယော(င်)ဘုတက္ကသိုလ်)
19위 부산대 (ဘူဆန်တက္ကသိုလ်)
20위 전북대 (ဂျော(န်)ဘုတက္ကသိုလ်)
21위 숙명여대 (ဆုမျော(င်)အမျိုးသမီးတက္ကသိုလ်)
22위 가톨릭대 (ကတ်သလစ်တက္ကသိုလ်)
23위 숭실대 (စွန်းရှီး(လ်)တက္ကသိုလ်)
24위 전남대 (ဂျော(န်)နမ်းတက္ကသိုလ်)
25위 충남대 (ချွန်းနမ်းတက္ကသိုလ်)
26위 충북대 (ချွန်းဘု(ခ်)တက္ကသိုလ်)
27위 한국기술교육대 (ကိုရီးယားနည်းပညာနှင့် သင်ကြားရေးတက္ကသိုလ်)
28위 광운대 (ဂွမ်းအွန်းတက္ကသိုလ်)
29위 영남대 (ယော(င်)နမ်းတက္ကသိုလ်)
30위 홍익대 (ဟုန်းအိတက္ကသိုလ်) 

ပြည်တွင်းတက္ကသိုလ်များ၏ အဆင့်အတန်းခွဲခြားသတ်မှတ်တဲ့ စံနှုန်းများနှင့် ကျောင်းအမည်အချို့ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယအဆင့်မှာ ရှိနေတဲ့ တက္ကသိုလ် (၂)ခုကတော့ နည်းပညာ ကဏ္ဍမှာ ထိပ်ဆုံးမှာ ရှိနေတဲ့ တက္ကသိုလ်များဖြစ်ပါတယ်။ နည်းပညာသီးသန့် ကျောင်းများဖြစ်ပါတယ်။
  ကျောင်းကောင်းတယ်၊ မကောင်းဘူးဆိုသည်ထက် အဓိကအားဖြင့်တော့ မိမိ သင်ယူလိုတဲ့ ဘာသာရပ်မှာ မည်သည့်တက္ကသိုလ်က ကောင်းသည်၊မကောင်းသည်ကို ကြည့်ကာ လျှောက်ခြင်းက ပိုပြီးသင်တော်မည် ထင်ပါတယ်။ အကြမ်းအားဖြင့် အထက်ဖော်ပြပါ အချက်များဖြင့် စံထားကာ သတ်မှတ်သော်လည်း ဘာသာရပ်အလိုက်လည်း ကျောင်းကောင်းသည်၊ မကောင်းသည် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။ အချို့ဆို ၀ိဇ္ဇာလိုင်းကောင်းတာမျိုး၊ သိပ္ပံပညာရပ်မှာ ကောင်းတာမျိုး စသည်ဖြင့် ဘာသာရက်အလိုက် မတူသည်များလည်း ရှိသဖြင့် ကျောင်းလျှောက်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ မလာမီက ကြိုတင်သိရှိပြီး မိမိသင်ယူလိုသည့် ဘာသာရပ်နှင့် ကျောင်းအနေအထားကို ကြိုတင်လေ့လာကာ အကောင်းဆုံး ဆုံးဖြတ်နိုင်စေရန် တင်ပြလိုက်ရပါသည်။

*** နောက်ဆုံးမှာ ပါနေတဲ့ [대, ဒယ်] ဆိုတာ [대학교, တက္ကသိုလ်] ကို အတိုကောက်ပြောတဲ့ စကားဖြစ်ပါတယ်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...