အလုပ်အကိုင်နှင့် ပတ်သက်သော ဝေါဟာရအချို့ကို တင်ပြခဲ့ပြီးဖြစ်သဖြင့် ယခုအခါ ယင်းတို့ကို မည်သို့မည်ပုံမေးကာ၊ မည်သို့ဖြေရသည်ကို လေ့ကျင့်ရမည့် ကဏ္ဍလေး စလိုက်ကြပါစို့။ မိမိ ဘာလုပ်တယ်၊ သူတပါးကိုလည်း ဘာအလုပ်လုပ်လဲဟု မေးလိုပါက မည်သို့ မေးရမည်ကို သိလိုကြပေမည်။
Noun က ဘာဖြစ်ပါသလဲ။ / Noun က ဘာလဲ။
ကိုရီးယားဘာသာစကားသည် Formal style နှင့် Informal style ဆိုပြီး
(၂)မျိုရှိသည်ဟု ပြောရမည်။ မိမိတို့ ကြားနေကျဖြစ်သော
ရုပ်သံဇာတ်လမ်းတွဲများ၊ ပတ်ဝန်းကျင်တွင် ကြားလေ့ရှိသော [요, ယို] ဆုံးသောအသုံးများကို informal style ဟုပြောရမည်ဖြစ်ပြီး၊
အခန်းအနားများတွင် ပြောသော စကားများ [Verb(Cons)+습니다/-Verb(Vowls)+ㅂ니다/ Noun+입니다, နီဒါ] ဆုံးသော အသုံးများကို Formal
style ဟု ပြောရမည်ဖြစ်သည်။
မေးခွန်းဖြစ်ပါက Formal Style နှင့်ပြောပါက အသတ်သံနှင့် ဆုံးသော နာမ်များ (ဥပမာ။ 책, 연필) ဖြစ်ပါက Noun(Cons)입니까?ဟု မေးရမည်ဖြစ်ပြီး ပြန်လည်ဖြေဆိုပါက Noun 입니다. ဟု ဖြေရမည်။
예, 질문: 이것이 책입니까? [အီဂေါရှီ ချယ့်ဂီ(မ်)နီကာ?]
ဒီအရာ (ဒါ) စာအုပ်လား။
대답: 네, 그것이 책입니다. [နဲ၊ ဂုဂေါရှီ ချယ့်ဂီ(မ်)နီဿာ]
ဟုတ်ကဲ့၊ အဲဒါ စာအုပ်ဖြစ်ပါတယ်။
예, 질문: 이것이 연필입니까? [အီဂေါရှီ ယော(န်)ဖီး(လ်)ရီ(မ်)နီကာ?]
ဒီအရာ (ဒါ) ခဲတံလား။
대답: 네, 그것이 연필이니다. [နဲ၊ ဂုဂေါရှီ ယော(န်)ဖီး(လ်)ရီ(မ်)နီဿာ။]
ဟုတ်ကဲ့၊ အဲဒီအရာ (အဲဒါ) ခဲတံဖြစ်ပါတယ်။
Formal Style ကတော့ သုံးသည့် Noun သည် အသတ်နှင့် ဆုံးသည်ဖြစ်စေ၊ မဆုံးသည်ဖြစ်စေ တစ်မျိုးတည်းသာ သုံးပြီး ပြောသည်။ ရှေ့တွင် သုံးသော ဝေါဟာရသည် Verb ဖြစ်ပါမှ အသတ်နှင့် ဆုံးသည် မဆုံးသည်ကို သတိထားရမည်ဖြစ်ပြီး Noun သည် ခွဲခြားခြင်းမရှိ [Noun입니까?/ Noun입니다] ဟုသာ သုံးရသည်။
Informal Style နှင့် မေးလိုပါက အသတ်သံနှင့် ဆုံးသော နာမ်ဖြစ်ပါက Noun(Cons)이에요?ဟု အသံမြှင့်ကာ မေးရမည်ဖြစ်ပြီး အသတ်နှင့် ဆုံးသော နာမ်မဟုတ်ပါက Noun(Vowls)예요? ဟု အသံမြှင့်ကာ မေးရမည်။ ပြန်လည် ဖြေဆိုပါက အသတ်နှင့် ဆုံးသော နာမ် [(ဥပမာ။ ။ 책, 연필)ဖြစ်ပါက Noun(Cons)이에요./အသတ် မပါသော နာမ်(ဥပမာ။ 의자, 의사)များကို Noun(Vowls)예요.] ဟု အသံကို နှိမ့်ပြီး ဖြေရမည်။
예, 질문: 이 것이 책이에요? [အီဂေါရှီ ချယ့်ဂီရယ်ယို?]
ဒီအရာ(ဒါ) စာအုပ်လား။
대답: 네, 그 것이 책이에요. [နဲ၊ ဂုဂေါရှီ ချယ့်ဂီရယ်ယို။]
ဟုတ်ကဲ့၊ အဲဒီအရာ(အဲဒါ) စာအုပ်ပါ။
예, 질문: 이 것이 연필이에요? [အီဂေါရှီ ယော(န်)ဖီး(လ်)ရီယယ်ယို?]
ဒီအရာ(ဒါ) ခဲတံလား။
대답: 네, 그 것이 연필이에요. [နဲ၊ ဂုဂေါရှီ ယော(န်)ဖီး(လ်)ရီယယ်ယို။]
ဟုတ်ကဲ့၊ အဲဒီအရာ(အဲဒါ) ခဲတံပါ။
အသတ်မပါသည့် ဝေါဟာရဖြစ်ပါက
예, 질문: 이 것이 뭐예요? [အီဂေါရှီ မော်ရယ်ယို?။]
ဒီအရာ(ဒါ) က ဘာလဲ။
대답: 그 것이 의자예요. [ဂုဂေါရှီ အွီဂျာရယ်ယို။]
အဲဒီအရာ(အဲဒါ) ထိုင်ခုံဖြစ်ပါတယ်။
예, 질문: 이 것이 뭐예요? [အီဂေါရှီ မော်ရယ်ယို?။]
ဒီအရာ(ဒါ) ဘာလဲ။
대답: 그 것이 바지예요. [ဂုဂေါရှီ ဘာဂျီရယ်ယို။]
အဲဒီအရာ(အဲဒါ) ဘောင်းဘီပါ။
*မိမိ သိထားသော ဝေါဟာများ(Noun) ကို သုံးကာ အမေးအဖြေလေး လုပ်ကြည့်ပါ။ ဥပမာ အလုပ်အကိုင်က ဘာလဲ။ သူက ဘယ်သူလဲ။ ဒါက ဘာလဲ။ ဒီနေရာက ဘယ်နေရာလဲ။ စသည်ဖြင့် အခြား ဝေါဟာရများဖြင့် ၀ါကျများ တည်ဆောင်ကြည့်ကာ အပြောလေ့ကျင့်ကြည့်ပါ။ အသတ်မပါသည့် ဝေါဟာရတွင် [이것, ဒီအရာ] ဆိုသည့် ဝေါဟာရအစား အလုပ်အကိုင်[직업] ကို စားထိုးထည့်ကာ [직업이 뭐예요? အလုပ်အကိုင်က ဘာလဲ] ဟု မေးနိုင်ပြီး အဖြေကိုလည်း မိမိတို့ကျက်မှတ်ထားသည့် အလုပ်အကိုင်အမည်များ [선생님, 의사, 간호사, 농부, 회사원] စသည်တို့ကို အစားထိုးကာ ဖြေဆိုကြည့်ပါ။
No comments:
Post a Comment